Home > Cimphawng/Tuahkhak teng > Christmas (ခရစ္စမတ်)ဆိုသည်မှာ

Christmas (ခရစ္စမတ်)ဆိုသည်မှာ

Christmas (ခရစ္စမတ်)ဆိုသည်မှာChrist (ခရစ်တော်)နှင့် Mass (လူထု)
ပေါင်းစည်းထားခြင်းဖြစ်သည်။
Christ + Mass =  Christmas
ဆိုလိုသည်မှာ ခရစ်တော်(ယေရှု)နှင့်ပြည်သူလူထု

တို့
တွေ့ဆုံပေါင်းစည်းခြင်းဟုအဓိပ္ပါယ်ရသည်။

Santa Claus(ခရစ္စမတ်ဖိုးဖိုး) ကို ခရစ္စမတ်တွင်တွေ့ရခြင်းအကြောင်းမှာ
တီဘီရောဂါပျင်းစွာခံစားနေရသောဖခင်ကြီးကိုဆေးကုဖို့ရန်ငွေလုံးဝ
မရှိသောကြောင့်သမီးကိုရောင်းပြီး ဆေးကုရန်မိသားစုကဆုံးဖြတ်ပြီး
သမီးကလည်းလက်ခံကာငိုကြွေးနေကြသော မိသားစု၏အဖြစ်ကို
”ဘုန်းတော်ကြီးနိကောလ” ကြားသောအခါ သူ့မိသားစုမှရသောအမွေ
ရွှေချောင်းကိုတိတ်ဆိတ်စွာသွားရောက်ထားပေးခဲ့သည်။
သုံးကြိမ်မြောက်သောအခါ ထိုမိသားစုကတွေ့သွားပြီး
”ဘာကြောင့်ဒီလိုလုပ်ရတာလဲ”
လို့မေးတော့ဘုန်းတော်ကြီးက
”အခုခရစ်စမတ်မဟုတ်လား……ဘုရားသခင်က
ငါတို့လူသားတွေအပြစ်မှလွတ်မြောက်စေဖို့သားတော်ကို
လောကထဲစေလွှတ်ပေးခဲ့တယ်ဒီလိုဘဲမင်းတို့ကိုငါပေးဆပ်တာပါ”
လို့ပြောလိုက်တယ်။ဒါကြောင့်ယခုအခါမှာ
ဝတ်စုံအနီကြီးဝတ်ကာမုတ်ဆိပ်အဖြူကိုတတ်ပြီးရုပ်ဖျက်ကာ
လက်ဆောင်ပေးခြင်းဖြင့်ဘုရားရဲ့မေတ္တာကိုဖော်ကျူးနေခြင်းဖြစ်ပါသည်။

Coral singing ခရစ်စမတ်သီချင်းဆိုခြင်း.

ခရစ္စမတ်သီချင်း(Carol Singing)
လိုက်ဆိုနေခြင်းအကြောင်းမှာအလှူငွေကောက်ခံနေခြင်းမဟုတ်ပါ။
သခင်ယေရှုမွေးဖွားခဲ့သောညသန်းခေါင်ယံအချိန်မှာ
သိုးထိန်းတွေတောထဲမှာသိုးတွေကိုစောင့်နေစဉ်
ကောင်းကင်ယံမှာကောင်းကင်တမန်တွေပေါ်လာပြီး
”ဗက်သလင်ဟင်မြို့ထဲမှာကယ်တင်ရှင်မေရှိယမွေးဖွားပြီ”
သွားကြည့်ကြလော့ဟုဆို၍ သူတို့သွားကြည့်သောအခါ
ကောင်းကင်တမန်ပြောသည့်အတိုင်းဖြစ်နေ၍
အလွန်ဝမ်းမြောက်ပြီး”ငါတို့ကိုကယ်တင်မည့်အရှင်မွေးဖွားပြီ”‘
ဟုလိုက်လံပြောကြားခဲ့သည်။ထိုကဲ့သို့သိုးထိန်းများ
ပြုလုပ်သည့်အတိုင်းခရစ္စမတ်သီချင်းကာလိုက်လံပြောကြားနေခြင်းဖြစ်ပါသည်။

About these ads
  1. November 30, 2011 at 22:34

    ပျော်

  1. No trackbacks yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Follow

Get every new post delivered to your Inbox.