Here is something to make you smile
Here is something definitely will make you smile………….
You need to hold the trigger to shoot someone or…
Bows, arrows, …and cellphones in the olden days?
Wow! In those days,… Adidas? Hmmm….branded Pirate!
but not as stupid as……..
And this is my favorite president. ISH!
OR THIS ????????
No comment ………..
THIS IS WHAT SAD LOOKS LIKE:
THIS IS WHAT SORRY LOOKS LIKE:
This is what bad spelling looks like:
This is what intimacy looks like:
This is what deaf looks like:
This is what stupid looks like:
This is what “oh @#@##” looks like:
This is what your tax dollars look like:
This is what McBurndt looks like:
This is what a Nightmare looks like:
This is what a blonde’s car looks like:
This is what ‘I thought your husband was out of town looks like:
The Silent Generation are people born before 1946.
The Baby Boomers are people born between 1946 and 1959.
Generation X are people born between
1960 and 1979.
1980 and 1995.
Why do we call the last one generation Y?
I did not know, but a cartoonist explains it
eloquently below…I Learned something
new today!
It doesn’t matter how many people you send this to, just remember if it made you smile, your friends will smile too.
Mothers’ Day
WISE WORDS IN PICTURES
မဟာသင်္ကြန်အကြတ်နေ့ မြင်ကွင်း
၁၃၇၂ ခုနှစ် မြန်မာ့ရိုးရာနှစ်သစ်ကူး အတာသင်္ကြန်ပွဲတော် အကြတ်နေ့ကို မြန်မာနိုင်ငံအနှံ့တွင် ဆင်နွဲခဲ့ကြသည်။ နိုင်ငံအတွင်းရှိ မြို့ကြီးများတွင် နှစ်သစ်ကူးရေသဘင်ပွဲတော်ကို စည်ကားစွာကျင်းပခဲ့ကြပြီး ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်တို့၌ ဖျော်ဖြေရေးမဏ္ဍပ်များ၊ ရေကစားမဏ္ဍပ်များဖြင့် ပျော်ရွှင်စွာဆင်နွဲခဲ့ကြသည်ကို တွေ့ရသည်။
ရန်ကုန် သင်္ကြန်အကြတ်နေ့



သင်္ကြန်အကြိုနေ့တွင် ရေကစားသူနှင့် ရေပက်ခံထွက်သူ နည်းပါးခဲ့သော်လည်း သင်္ကြန်အကျနေ့၌ ရေကစားသူနှင့် ရေပက်ခံထွက်သူများ ပြန်လည် စည်ကားခဲ့သည့် အလျောက် ယနေ့ သင်္ကြန်အကြတ်နေ့တွင်လည်း ရေကစားသူနှင့် ရေပက်ခံထွက်သူများဖြင့် ဆက်လက်စည်ကားခဲ့သည်ကို တွေ့ရှိရပါသည်။
ထိုသို့တွေ့ရှိရာတွင် သင်္ကြန်အကြတ်နေ့က လူစည်ကားရာနေရာများဖြစ်ကြသော ကန်တော်ကြီးကန်ပတ်လမ်း၊ ပြည်လမ်းမနှင့် ကမ္ဘာအေးစေတီလမ်းတို့သာမက မြို့တွင်းလမ်းများဖြစ်ကြသော အနော်ရထာလမ်း၊ ဗိုလ်ချုပ်လမ်းနှင့် မြို့နယ်အသီးသီးရှိ လမ်းမကြီးများပေါ်တွင်ပါ ရေကစားသူနှင့် ရေပက်ခံထွက်သူများဖြင့် ဆက်လက်စည်ကားခဲ့သည်ကို တွေ့ရှိရခြင်း ဖြစ်ပါသည်။
စည်ကားသည်ဆိုရာတွင် ယခင်နေ့များကဲ့သို့ နေ့လည်ပိုင်း၊ ညနေပိုင်းတို့တွင်သာ စည်ကားခဲ့သည်မဟုတ်ပဲ နံနက်ပိုင်းမှစ၍ မဏ္ဍပ်ကြီးများရှိရာ နေရာများ၊ ဖျော်ဖြေရေးမဏ္ဍပ်များ၌ ကားဖြင့် ရေပက်ခံထွက်သူများ၊ လမ်းလျှောက်ကာ လာရောက်ကြည့်ရှုသူများဖြင့် စည်ကားခဲ့ခြင်းဖြစ်သည်။
”ရှေ့နှစ်ရက်ကတော့ ထွက်လည်ရ ကောင်းနိုး၊ မကောင်းနိုး စဉ်းစားနေတာ၊ ဒီနေ့တော့ မနေနိုင်တော့တာနဲ့ ထွက်လည်ဖြစ်တယ်၊ နေရာတိုင်း စည်ကားနေတ တွေ့ရတော့ ကိုယ့်စိတ်လည်း ပျော်လာတယ်၊ လုံခြုံရေးတွေလည်း နေရာအနှံ့ရှိနေတော့ အဆင်ပြေပါတယ်၊ မနက်ဖြန်လည်း ဆက်လည်ဖို့ စီစဉ်ထားတယ်”ဟု သင်္ကန်းကျွန်းမြို့နယ်မှ ကားဖြင့် ရေပက်ခံထွက်လာသူတစ်ဦးက ပြောပြပါသည်။
”အစည်ကားဆုံးကတော့ ဂျေမီမဏ္ဍပ်ပါပဲ။ လာတဲ့သူတွေ တော်တော်များတယ်။ ဒီနှစ်သင်္ကြန်မှာ ထူးခြားတာကတော့ ခါးပိုက်နှိုက်ခံရတာတွေ ပိုများတာပဲ”ဟု ပြည်လမ်းရှိ အင်းလျားကန်စောင်း မဏ္ဍပ်များ၌ တာဝန်ကျသူ လုံခြုံရေးဝန်ထမ်းတစ်ဦးက ပြောပြပါသည်။



”အရင်နှစ်က ဒီအချိန်ပေါ့ဗျာ၊ ကန်ပတ်လမ်းမှာ ဗုံးပေါက်တယ်၊ ပျော်နေတဲ့သူတွေက ပျော်နေကြပေမယ့် ကျွန်တော့်စိတ်ထဲ လည်နေတုန်း မနှစ်ကအကြောင်းတွေ ပြန်သတိရလာတော့ စိတ်ထဲ ထိုင်းမှိုင်းသွားတယ်။ အရင်နှစ်ရက်ကတော့ အိမ်ထဲမှာပဲ နေတာပါ။ ဒီနေ့တော့ သူငယ်ချင်းတွေ ခေါ်တာနဲ့ အပြင်ထွက်လာခဲ့တာ၊ ပုံမှန်အတိုင်း ပြန်စည်ကားလာပြီဆိုတော့ မနက်ဖြန်လည်း လူပိုစည်မယ့် သဘောရှိတယ်၊ ကျွန်တော်ကတော့ မနက်ဖြန် အိမ်မှာပဲနေဖို့ စဉ်းစားထားတယ်”ဟု အလုံမြို့နယ်မှ ရေပက်ခံထွက်လာသူတစ်ဦးက ပြောပါသည် ။
ယခုနှစ်ရန်ကုန်သင်္ကြန်သည် ယခင်နှစ်များထက် မဏ္ဍပ်ကြီးများ နည်းပါးခဲ့ပြီး မိမိအိမ်ရှေ့တွင်သာ အုန်းလက်မဏ္ဍပ်များ၊ ရေတိုင်ကီများဖြင့်သာ ရေကစားကြသူများသာ ရှိခဲ့သည်။ မဏ္ဍပ်ကြီးများ နည်းပါးခဲ့သောကြောင့် ရှိသည့်မဏ္ဍပ်များတွင်သာ ကားများစုပြုံရေကစားခဲ့ကြသည်ကို တွေ့ရသည်။
“သင်္ကြန်အကြိုနေ့နဲ့ အကျနေ့က ဘုန်းကြီးဝတ်နေတာ။ ဒီနေ့မနက်အစောကြီးထွက်ပြီး မဏ္ဍပ်မှာရေလာကစားတာပါ။ မနက်ဖြန်လည်း ဒီမဏ္ဍပ်မှာပဲ ရေကစားဦးမှာပါ”ဟု ကန်တော်ကြီးကန်ပတ်လမ်းရှိ black culture မဏ္ဍပ်တွင် ရေကစားနေသော စမ်းချောင်းမြို့နယ်မှ လူငယ်တစ်ဦးက ပြောပါသည်။
တာမွေမြို့နယ်မှ ကန်တော်ကြီးကန်ပတ်လမ်းသို့ ကားဖြင့် ရေပက်ခံလာသူတစ်ဦးက “ပြီးခဲ့တဲ့နှစ်ရက်ထက်စာရင် ဒီနေ့ ပိုစည်တယ်။ မဏ္ဍပ်မှာရေ ကစားတဲ့သူတွေနဲ့ ရေပက်ခံလာတဲ့ကားတွေလည်း ပိုများတယ်။ လုံခြုံရေးတွေလည်း မနှစ်ကထက်ပိုပြီးချထားတယ်။ မဏ္ဍပ်တွေမှာလည်း စီစီတီဗီတွေတပ်ထား တာတွေ့ရတယ်။ ဒါပေမယ့် မိန်းကလေးတချို့ရဲ့ ၀တ်စားပုံကတော့ ယဉ်ကျေးမှုနဲ့ မလျော်ညီတာကိုတွေ့ရတယ်။ တချို့ဆိုရင် တော်တော်လည်း မူးနေပုံပေါ်တယ်။ သူတို့ ရဲ့ပုံတွေကတော့ အင်တာနက်ပေါ်ရောက်ဦးမှာ သေချာတယ်”ဟု ပြောပါသည်။


ထို့အတူ ဆင်ခြေဖုံးရပ်ကွက်များတွင်လည်း ရေကစားကြသူများဖြင့် စည်ကားခဲ့သည်။ လှိုင်သာယာမြို့နယ်တွင် ဖျော်ဖြေရေးမဏ္ဍပ်တစ်ခုရှိခဲ့ပြီး ထိုနေရာတွင် ရေကစားသူများ၊ ရေပက်ခံသူများ၊ လာရောက်ကြည့်ရှုသူများဖြင့် စည်ကားခဲ့သည်ကို တွေ့ရသည်။
မန္တလေး သင်္ကြန်အကြတ်နေ့

သင်္ကြန်ဓာတ်ပုံများ





























၂၀၁၁ မန္တလေးသင်္ကြန် အကျနေ့
| From 2011 Mandalay Thingyan – A Kya Day (14.4.2011) |
| From 2011 Mandalay Thingyan – A Kya Day (14.4.2011) |
| From 2011 Mandalay Thingyan – A Kya Day (14.4.2011) |
| From 2011 Mandalay Thingyan – A Kya Day (14.4.2011) |
| From 2011 Mandalay Thingyan – A Kya Day (14.4.2011) |
၂၀၁၁ မန္တလေးသင်္ကြန် အကြိုနေ့
| From 2011 Mandalay ThinGyan – A Kyo Day (13.4.2011) |
| From 2011 Mandalay ThinGyan – A Kyo Day (13.4.2011) |
| From 2011 Mandalay ThinGyan – A Kyo Day (13.4.2011) |
| From 2011 Mandalay ThinGyan – A Kyo Day (13.4.2011) |
| From 2011 Mandalay ThinGyan – A Kyo Day (13.4.2011) |
| From 2011 Mandalay ThinGyan – A Kyo Day (13.4.2011) |
| From 2011 Mandalay ThinGyan – A Kyo Day (13.4.2011) |
| From 2011 Mandalay ThinGyan – A Kyo Day (13.4.2011) |
| From 2011 Mandalay ThinGyan – A Kyo Day (13.4.2011) |
| From 2011 Mandalay ThinGyan – A Kyo Day (13.4.2011) |
| From 2011 Mandalay ThinGyan – A Kyo Day (13.4.2011) |
| From 2011 Mandalay ThinGyan – A Kyo Day (13.4.2011) |
စင်္ကာပူက မြန်မာသင်္ကြန်

ဗွက်ပေါက်အောင်ကို ကခုန်နေကြတဲ့ စင်္ကာပူမှရွှေမြန်မာများ
(ဓါတ်ပုံဘယ်သူရိုက်မှန်းမသိလို့ credit ဘယ်လိုပေးရမှန်းမသိပါ။ ပိုင်ရှင်ပေါ်လာရင် credit တင်ပေးမှာ ဖြစ်ပါကြောင်း။)
The Mass Prayer in Bangladesh
|
|
Miss Thailand သို့မဟုတ် ၂၀၁၀ မယ်စကြဝဠာ ပြိုင်ပွဲမှ အလှဆုံး အာရှသူ၏ ပုံရိပ်များ
ကမ္ဘာတစ်လွား အလှမယ်များကြားတွင် ချစ်စဖွယ် သွင်ပြင်နှင့် ပြေပြစ်ချောမောမှုတို့ ပေါင်းစပ်ထားသော ထိုင်း အလှမယ် Fonthip Watcharatrakul သည် ၂၀၁၀ မယ်စကြဝဠာ ပြင်ပွဲတွင် ဓါတ်ပုံ အစားဆုံးဆုနှင့် အကောင်းဆုံး နိုင်ငံ့ရိုးရာ ဝတ်စုံဆု နှစ်ခုစလုံးကို တစ်ဦးတည်း သိမ်းပိုက်နိုင်ခဲ့သည့် အလှဆုံး အာရှသူဖြစ်သည်။
ထိုင်း အလှမယ် Fonthip Watcharatrakul သည် ထိုင်းဆင်ပေါ်တွင် ဝတ်ဆင်ပေးသည့် အဆင်တန်ဆာများဖြင့် ဒီဇိုင်းထုတ်ထားသော “Siam Iyara” (Elephant of Thailand) ဟုအမည်ရသည့် ဆန်းဆန်းပြားပြား ရိုးရာဝတ်စုံဖြင့် မယ်စကြဝဠာ ပြင်ပွဲတွင် ယှဉ်ပြိုင် အနိုင်ရခဲ့ခြင်းဖြစ်သည်။
အရပ်အမြင့် ၅ ပေ ၇လက်မ ရှိပြီး အသက် ၂၀ ရှိပြီ ဖြစ်သူ Fonthip Watcharatrakul သည် Assumption တက္ကသိုလ်မှ ဥပဒေ ကျောင်းသူတစ်ဦးလည်ဖြစ်သည်။
Source : http://patheincity.com/news/index.php/2010/09/miss-thailand-the-most-beautiful-of-asian-models-in-miss-universe/#ixzz1KNvSP2zS
မြို့တော်ပုသိမ် သတင်းစဉ် | PatheinCity News
နှစ်ဆန်းတစ်ရက်နေ့ ရန်ကုန်မြို့မြင်ကွင်းများ
မြန်မာသက္ကရာဇ် ၁၃၇၃ခုနှစ် နှစ်ဆန်းတစ်ရက်နေ့တွင် ရန်ကုန်မြို့တွင် နေထိုင်သူများ ဘုရားဖူးသွားခြင်း၊ ငှက်ဘေးမဲ့လွှတ်ခြင်း၊ ငါးဘေးမဲ့လွှတ်ခြင်း နှင့် စတုဒီသာကျွေးခြင်းများ ပြုလုပ်ခဲ့ကြပါသည်။
ထို့အပြင် ရန်ကုန်မြို့ရှိ ပြည်သူ့ဥယျာဉ်၊ Happy World ခေတ်မီသဘာဝဥယျာဉ်၊ တိရိစ္ဆာန်ဥယျာဉ်နှင့် ကန်တော်ကြီး အပန်းဖြေဥယျာဉ်တို့တွင်လည်း လာရောက်အပန်းဖြေသူများ၊ ဆော့ကစားသူများဖြင့် စည်ကားခဲ့သည်ကို တွေ့ရသည်။

တောင်ဥက္ကလာပမြို့နယ်တွင် စတုဒီသာအဖြစ် ထမင်းထုပ်များဝေနေသည်ကို တွေ့ရစဉ်

ကမ္ဘာအေးစေတီတော်သို့ ဘုရားဖူးလာသူများ

ရွှေတိဂုံစေတီတော်သို့ ဘုရားဖူးလာသူများကို မြောက်ဘက်စောင်းတန်းတွင်တွေ့ရစဉ်

ရွှေတိဂုံစေတီတော် ဘုရားဖူးလာသူများ

ရွှေတိဂုံဘုရား အရှေ့မြောက်မုဒ် သွေးဆေးကန်တွင် ဇိဝိတဒါန ငါးလွှတ်နေကြသူများ

ရွှေတိဂုံစေတီတော်ပေါ်တွင် သွေးလှူဒါန်းနေကြသူများ

မဟာဝိဇယစေတီတွင် အအေးဖြင့် စတုဒီသာတိုက်ကျွေးနေသည် တွေ့ရစဉ်

မဟာဝိဇယစေတီတော်တွင် နေမင်းမှအလင်းရောင်ဖြင့် ပူဇော်နေသည်ကို လာရောက်ဖူးမျှော်နေသူများ

မဟာဝိဇယစေတီတော်တွင် နေမင်းမှအလင်းရောင်ပူဇော်နေသည်ကို လာရောက်ဖူးမျှော်နေသူများ

နှင်းဆီကုန်းဘိုးဘွားရိပ်သာကြီးတွင် ဘိုးဘွားများအား တစ်ကိုယ်ရေသန့်ရှင်းမှုပြုလုပ်ပေးနေသူများ

အခမဲ့ပြေးဆွဲပေးနေသော လိုင်းကားတစ်စီး

ပြည်သူ့ရင်ပြင်နှင့် ပြည်သူ့ဥယျာဉ်တွင် လာရောက်ဆော့ကစား အပန်းဖြေနေသူများ

ပြည်သူ့ရင်ပြင်နှင့် ပြည်သူ့ဥယျာဉ်တွင် လာရောက်ဆော့ကစား အပန်းဖြေနေသူများ








3.






































