မလေးရှားမှာလုပ်ငန်းခွင်ပေါ်မူတည်ပြီး work permit

ကျွန်တော်ကတော့ ဘလော့တွေကို အမြဲ လိုလိုအားပေး ပြီးဖတ်နေပါတယ်. .ကိုယ်တိုင်ရေးဖို့ ကြတော့ ခက်နေသလိုဘဲ …ဒါကြောင့်လည်း မရေးဖြစ်တာ ပါ ..အခုတော့  သူငယ်ချင်းတွေ အများကြီးတောင်ကိုယ်သိတာတွေကိုစေတနာနဲ့  ဖလှယ်ပေးနေကြတာ ..ကျွန်တော်လည်း ရေးချင်စိတ်တွေတဖွားဖွားပေါ်လာလို့ ပါ ..ကျွန်တော်လက်ရှိမလေးရှားမှာအလုပ်လုပ်နေတာဖြစ်လို့  ကျွန်တော်သိသလောက်အကြောင်းအရာကို လေ့လာပြီး တင်လိုက်ပါတယ် … ပထမဆုံးလူပြောများနေတဲ့  အေးဂျင့်ကိစ္စ ..နေထိုင်ခွင့် အလုပ်လုပ်ခွင့် (work permit) အကြောင်းကို တင်လိုက်ပါမယ် ခင်ဗျာ မလေးရှားမှာလုပ်ငန်းခွင်ပေါ်မူတည်ပြီး work permit အမျိုးအစားတွေကို ခွဲခြားထားပါတယ် ။

1.Service (စားသောက်ဆိုင်၊အရောင်းပိုင်းဆိုင်ရာ(အခွန် ) LEVY 1800
2.Manufacturing (စက်ရုံ ။တွင်ဂုံ ။စက်မှု့ လုပ်ငန်းပိုင်းဆိုင်ရာ ။ကုမဏီ (အခွန် )LEVY1200
3.Construction (ဆောက်လုပ်ရေး ) (အခွန် ) LEVY 1200
4.Plantation (စိုက်ပျိုးရေးလုပ်ငန်း ။မွေးမြူရေးလုပ်ငန်း) (အခွန် )LEVY 360
5.Agricultural (စိုက်ပျိုးရေးလုပ်ငန်း ။မွေးမြူရေးလုပ်ငန်း) (အခွန် )LEVY 360
6.Domestic (အိမ်ထိမ်းသိမ်းမှူ .)အိမ်ဖော် (အခွန် ) LEVY 360
7.Private Calling (ကိုယ်ပိုင်လုပ်ငန်းနာမည်နှင့်ခေါ်သောအလုပ်)(အခွန် ) LEVY လုပ်ငန်းပေါ်မူတည်ပြီးပိုင်းခြားထားပါတယ်။

အဲဒီလိုအပိုင်းအမျိုးအစားတွေကိုအသေးစိတ်ခွဲခြားစိတ်ဖြာထားပါတယ်၊မလေးရှားအင်မဂရေးရှင်း( imigration ) ကချမှတ်ထားတဲ့ အတိုင်းဖြစ်ပါတယ်.. .အထက်မှာဖော်ပြထားတဲ့ ပါမစ်ခေါင်းစင်အလိုက် အလုပ်တွေကို ဘဲလုပ်ခွင့်ရှိပါတယ်….

အမှတ်စဉ် 1 .ပါမစ်ကိုကိုင်ပြီးတော့တခြား စက်ရုံမှာဝင်လုပ်မယ်.. အဲဒီလိုမျိုးတွေကိုလုပ်ခွင့်မရှိပါဘူး ဒါပေမယ့် “သိသာသိစေမမြင်စေနဲ “့စကားအတိုင်း အားလုံး ကကိုယ်အဆင်ပြေရာကိုလုပ်နေကြတာများပါတယ်…. အေးဂျင့်ကတရားဝင်ခေါ်ထားတာတွေကတော့ သက်ဆိုင်တဲ့ အလုပ် တွေကိုဘဲသွင်းပေးကြပါတယ်…. သက်ဆိုင်ရာကစစ်ဆေးလို့ ပြသနာ တစုံတရာဖြစ်လာခဲ့ ရင် အေးဂျင့်မှာတာဝန်ရှိပါတယ်…. တချို့ သောအေးဂျင့်တွေလည်း အဆင်ပြေသလိုလုပ်ကြတာ တွေရှိပါတယ် … construction permit ကိုကိုင်ထားပြီးစားသောက်ဆိုင်မှာအလုပ်သွင်းထားတာတွေလည်းရှိပါတယ်… အခုပါမစ်အကြောင်းပြောပြိးရင်ကျွှန်တော်ပြောချင်တာကတော့ ..အခုမလေးရှားမှာ အေးဂျင့်တွေ ချူပ်ကိုင်ထားတဲ့ ကောလင်းစနစ်ကိုပြောချင်တာပါကောလင်းကိုကိုင်တွယ်ရာမှာ

1.Free Calling (ကိုယ်ပိုင်စာအုပ်ကိုင်ထားခြင်း)
2.Outsourcing (ရွေ့ ပြောင်းအလုပ်သမား) အေးဂျင့်ကထိန်းသိမ်းထားသော .အေးဂျင့်သိမ်းထားတဲ့ အလုပ်သမား.့ ကိုယ့် သဌေး (သို့ မဟုတ်) အေးဂျင့် ကကို.ယ့် စာအုပ်ကိုကိုင်ထားတဲ့ စနစ်ပါ
3.Private Calling (ဘယ်ကိုမှရွေ့ ပြောင်းမရ အလုပ် 1နေရာထဲတွင်သာလုပ်ခွင့်ရှိသောအလုပ်သမား)ဆိုပြီးတော့ 3 မျိုးရှိပါတယ် ..

အမှတ်စဉ် (1) Free Calling (ကိုယ်ပိုင်စာအုပ်ကိုင်ထားခြင်း)
ကတော့အလုပ်လာလုပ်တဲ့ သူအားလုံးအတွက်တော့အကောင်းဆုံးပါ စာအုပ်ကိုကိုတိုင်လက်ဝယ်ကိုင်ဆောင်ပြီးတော့ ကိုနဲ့ ကိုက်ညီတဲ့ အလုပ်တွေကိုပြောင်းရွေ့ လုပ်ကိုင်လို့ ရတယ် .. ကိုယ့်အသိမိတ်ဆွေကနည်းစပ်ရာရှာပေးတာတွေကို မိမိစိတ်ကြိုက်ရွေးချယ်ပိုင်ခွင့်ရှိပါတယ်..လစာလည်းညှိနိုင်းတောင်းဆိုခွင့်ရှိပါတယ် ကောလင်းဈေးနူန်းထား ကတော့များပါတယ် (အခွန်) ကို 1 နှစ်ပြည့်တိုင်းတခါ ဆောင်ရပါတယ်…ဒါပေမယ့်အလုပ်မရခင်အချိန်အတွက်တော့ အသုံးစရိတ်ဆောင်ထားမှဘဲအဆင်ပြေနိုင်မှာပါ . free calling ရဲ့ ကောင်းတဲ့ အချက်ကတော့ သဌေးတွေနဲ့ ဒါရိုက်တွေ့ နိုင်သလို… ကိုလိုချင်တဲ့ ထိုက်သင့်တဲ့ ငွေကို ကိုယ့်အရည်အချင်းပေါ် …လုပ်ငန်းကျွမ်းကျင်မူ့ ပေါ်မှာမူတည်ပြီးတော့ ပိုတောင်းဆိုနိုင်ခွင့်ရှိပါတယ် …. အေးဂျင့်ကလည်းလစာကိုကြားကနေဖြတ်စားတဲ့ ပြသနာမဖြစ်နိုင်တော့ပါဘူး… အလုပ် 1 ခုမှာအဆင်မပြေရင်လည်း ..လွယ်ကူစွာထွက်လို့ ရပါတယ်… နောက်အလုပ်အခွင့်အလမ်းတခုကိုစိတ်ကြိုက် ရှာဖွေနိုင်ပါတယ်…မကောင်းတဲ့ တချက်ကတော့  နှစ်စဉ်ကြေး မိမိဘာသာဆောင်ရ တဲ့ အတွက် 1 နှစ်ပြည့်ရင်ပါမစ်သက်တမ်းတိုးရန်..အတွက် စရိတ်အတွက်ခေါင်းကိုက်စရာပါ… သဌေးချစ်တဲ့ ဝန်ထမ်းတွေအနေနဲ့ ကတော့ တချို့ ဆိုသဌေးက အကုန်စရိတ်ခံ တိုးပေးပါတယ်… ရှားပါတ.ယ်..သဌေးက တ၀က်ခံပေးတာလည်း ရှိပါတယ်…. ကြိုးစားတဲ့ သူ ရိုးသားတဲ့ သူ စိတ်ထားကောင်းတဲ့ သူအတွက် သဌေးကောင်းတွေ့ မှာပါခင်ဗျား …စာကြွှုင်း (မလေးရှားသဌေး များသည်မကောင်းသောသူများပါသည်။) နိုင်ငံခြားသား အလုပ်သမားများအပေါ် အထင်အမြင်သေး ..ဖိနှိပ်ချင်သောစိတ်ကပိုများတယ်ခင်ဗျာ ..အကုန်လုံးကိုမဆိုလိုပါ. ။

အမှတ်စဉ် (2 )Outsourcing (ရွေ့ ပြောင်းအလုပ်သမား) အေးဂျင့်ကထိန်းသိမ်းထားသော .အေးဂျင့်သိမ်းထားတဲ့ အလုပ်သမား. ကိုယ့် သဌေး (သို့ မဟုတ်) အေးဂျင့် ကကို.ယ့် စာအုပ်ကိုကိုင်ထားတဲ့ စနစ်ပါ
အဲဒါတော့အေးဂျင့်ကမြန်မာပြည်ကနေစခေါ် တယ် ..ကောလင်းချပေးတဲ့ အချိန်ကနေစလို့ …. အလုပ်ပါတခါထဲ အဆင်သင့်ချမှတ် ပေးထားပါတယ် … သူပေးတဲ့  စာချုပ်ထဲကအလုပ်အတိုင်းလုပ်ရမယ်. .. ဥပမာ သူပေးထားတဲ့ အလုပ်ကိုအဆင်မပြေခဲ့ ရင် အေးဂျင့်ကိုတောင်းဆိုခွင့်ရှိပါတယ်…အလုပ်ပြောင်းပေးဖို့ အတွက် အေးဂျင့်က အလုပ်မှာဘာအတွက်ကြောင့်လည်းဆိုတာကိုအရင်စုံစမ်းပါတယ်… သဌေးက ကိုယ်အလုပ်လုပ်တာကိုသဘောကျတယ်… ဒါပေမယ့် ကိုယ်ကိုတိုင်ကိုက အကြောင်းအရာတခုခုကြောင့် မလုပ်ချင်ပါဘူးဆိုရင် အလုပ်ပြောင်းဖို့ အတွက်အခက်အခဲရှိပါတယ်… ဘာကြောင့်လဲဆိုရင် သဌေးက လိုချင်နေသောကြောင့်ပါ…. အေးဂျင့်ကလည်းအလုပ်သမားကိုသဌေးထံအခကြေးငွေယူရောင်းထားတာဖြစ်တဲ့ အတွက် သဌေးစိတ်တိုင်းကျ ဘဲဆုံးဖြတ်ပေးတာများပါတယ်.။ပြောင်းချင်ရင်ပြောင်းမပေးပါဘူး .ပြောင်းပေးတဲ့ အခါမှာလည်းနောက်အလုပ်က အခုလက်ရှိအလုပ်လိုအဆင်မပြေခဲ့ရင် နောက်တကြိမ်ဆိုတာပြောရခက်လာပါတယ် …. အေးဂျင့်တော်တော်များများ က 3 လုပ်ထက်ပိုမလဲပေးချင်ကြပါဘူး ..(နောက်အလုပ်ရှာပေးနေတဲ့ အချိန်ဘာအလုပ်မှမရှိတဲ့ အချိန်ကိုယ့်စားစရီတ်ကိုကိုကုန်ကျခံရပါတယ်) နေစရာလည်းကိုယ့်ဘာသာရှာရတာများပါတယ်…အေးဂျင့်ကပြန်ခေါ်ထားပေးတာလည်းရှိပါတယ် ..(ဆုတောင်းပေါ့ဗျာ လာမယ့်သူတွေအေးဂျင့်ကောင်းကောင်းတွေ့ ပါစေလို့ )
(1 ) အလုပ် (3လုပ်ထက်ပိုသောအလုပ်ရှာခြင်း )
(2 )သဌေးက လက်မခံနိုင်တဲ့ ကိစ္စတော်တ်ာများများကိုလုပ်တယ်..
(3) ရန်ဖြစ်တာတွေကိုခဏခဏဖြစ်တယ်…
အဲဒိလိုပြသနာများတဲ့ သူတွေကိုပြန်ပို့တတ်ကြပါတယ်..မြန်မာပြည်ကို …မပြန်ချင်တဲ့ သူကလည်း ..over stay (တရားမ၀င်နေထိုင်ခြင်း) မလေးလိုဆို ..(အို) ဖြစ်သွားတယ်ပေါ့ ခင်ဗျာ …နောက် ထက်..အေးဂျင့်ကလည်း …အမြတ်ကြီစားခေါင်းပုံအလွန်ဖြတ်ပါတယ် ။ဥပမာ ..စက်ရုံ တရုံက ကမ်းလှမ်းလာပါတယ်

1.လစာ 1000
2. ထမင်းကျွေး
3.နေစရာ
4.ဆေးခန်းကုသစရိတ်(တ၀က်)
5.အခွန်သဌေးမှဆောင်ပေးမယ်
6.ပိတ်ရပ်ကို company /industry မှသတ်မှတ်မယ်
7.အလုပ်အကြောင်းမဲ့ ပျက်ကွက်လျှင် ကုမဏီမှာလစာသင့်တော်သလိုဖြတ်မည်
8. အများပြည်သူပိတ်ရပ်များကို အလုပ်ဆင်းရလျှင် 2 ဆ 3 ဆ သတ်မှတ်သည်၊စတဲ့ အချက်တွေကို damand letter (အလုပ်ခေါ်စာ)တစောက်ထွက်ပါတယ်… ဒါကိုအေးဂျင့်က ပြန်ပြုပြင်ပါတယ်.. (သူ့ စီးပွားရေး ပုံစံ ) ခေါင်းပုံစဖြတ်ပြီ (အေးဂျင့်တိုင်းတော့အဲဒိလိုမလုပ်ကြပါဘူး)
1. လစာ 850
2.ထမင်းကျွေး
3.နေစရာ
4.ဆေးခန်းကုသစရိတ် (မိမိဘာသာ)
5.အခွန်သဌေးမှဆောင်ပေးမယ်
6.ပိတ်ရပ်ကို company /industry မှသတ်မှတ်မယ်
7.အလုပ်အကြောင်းမဲ့ ပျက်ကွက်လျှင် ကုမဏီမှာလစာသင့်တော်သလိုဖြတ်မည်
8.အများပြည်သူပိတ်ရပ်များကို အလုပ်ဆင်းရလျှင် 2 ဆ 3 ဆ သတ်မှတ်သည်။ (3 ) နှစ်စာချူပ်
( စာချုပ်တွေကနှစ်အမျိုးမျိုးရှိပါတယ်ခင်ဗျာ) သင့်တော်သလိုဖော်ပြပေးတာပါ လစာပေးစနစ်ကို ကုမဏိမှာ ..အေးဂျင့်သို့ ပေးရန်..အေးဂျင့်မှ အလုပ်သမားသို့ ပေးမည်။ သဌေးဒါရိုက်ပေးတာတွေကများပါတယ် အဲဒီလိုလစာပေါ်မှာဖြစ်ပြီးမြန်မာ သို့ မဟုတ် အခြားသော … လူမျိုးခြားအလုပ်သမားများ (Company ) များ ထံသို့  အလုပ်ခေါ်စာကိုပေးပို့ ပါသည်။ သူတိုရဲ့ စီးပွားရေးပုံစံ ဖြစ်ပေမယ့် သူများလုပ်အားထံမှ ဖြတ်စားသောအလုပ်မှာ ခေါင်းပုံဖြတ်ခြင်း ၊မတရားခြင်း ဆိုတာကိုသိသိကြိးနှင့်မိမိအကြိုးစီးပွားရရှိရေးအတွက်သာ ကြည့်ကြတာပါ .. ..တချီု့ သောအေးဂျင့်ဆို ..မိမိအလုပ်လုပ်ရသောစားသောက်ဆိုင်ကထမင်းကျွေးပါတယ်..ဒါကို လစာအပေါ်မှာ ဖြတ်ယူသောအခါ သဌေးနှင့်ညှိနိုင်း ရာသဌေးက လက်မခံ သဖြင့် .. နည်းလမ်းရှာပြိးယူပါသေးသည်.. ထမင်းဆိုင်ကကျွေးတယ်..ဒါပေမယ့်လစာထဲကလကုန်၇င် 100 (သို့ ) 150 ဖြတ်ယူလိုက်ပါတယ်… (မလေးရှားလူမျိုးအချင်းချင်းလစာပေါ်မှာဖြတ်စားတာကိုသဌေးတွေကလက်ခံပါတယ်…ဘာလို့ လဲဆိုတော့ နိုင်ငံခြားသားတွေအလုပ်တာလုပ်တာ ဖိနှိပ်လို့ ရတယ်..စေတနာမပါတာတွေကြောင့်ပါ ) ကောင်းတဲ့ သဌေးတွေကတော့ သူတို့ ခေါ်တဲ့  အလုပ်ခေါ်စာထဲကစည်းမျဉ်းအတိုင်းလုပ်ပေးပါတယ်… (ရှားတယ်ခင်ဗျာ)“ အေးဂျင့် ခေါင်းပုံဖြတ်တာတွေကိုသာ ပြောရင်ပြောမကုန်ပါဘူး ..ဒါကြောင့်ကျွန်တော့် ဘလော့ မှာအကြောင်းအရာတွေရောထွေးပြီး စာဖတ်သူတွေမရှင်းလင်းမှာဆိုးလို့ နောင်တခါ သက်သက်ရေးပြိးတင်ပေးပါမည်၊ အေးဂျင့်က အထက်မှာပြောခဲ့ သလို အလုပ်သမားအတွက် ပြသနာများလာသောအခါ..အလုပ်လည်းရှာဖွေပေးရချိန်များလာတဲ့ အခါမှာ တာဝန်မယူတော့ပါဘူးဒီအလုပ်သမားအတွက်..အလုပ်သမားကိုမေးပါတယ်.. “စာအုပ်ယူပြိးကိုယ့်အလုပ်ကိုယ်ရှာမလား“သဘောကတော့ free calling လုပ်မလားမေးတာပါ … (အေးဂျင့်တွေကစကားပြောတဲ့လေဖိုးပါထည့်ယူထားပြိးသား .သူတို့ ဘယ်တော့မှအပိုလေကုန်မခံပါဘူး ) သူတို့ ကမ်းလှမ်းတာကိုလက်ခံလာခဲ့ ရင်လည်း ..ဈေးကြီးပေးပြီးရွေးရပါတယ်… ငွေပမာဏကတော့ ကျွန်တော်ခန့်မှန်းခြေအနေနဲ့ ဖော်ပြပေးမှာပါ…အေးဂျင့်အားလုံးကိုကျွန်တော်လိုက်သိနိုင်တာမဟုတ်လို့ ပါ … ကျွန်တော်သိရသလောက် … အနည်းဆုံးကတော့ 3500 ပါ ..အများဆုံး 6000 /7000 အထိ ပါ… 7000 ဖြစ်ရသည်ကိုမေးပါက သူတို့ တွင်ကလိန်ကျနည်းပေါင်းစုံရှိပါသည်။

( A ) 1 နှစ်စာကုမဏိကသက်တမ်းတိုးရင်ကုန်ကျစရိတ် မလေးငွေ RM 3500 ရှိပါတယ် ..စာချုပ်ချုပ်ထားတာက 2 နှစ်ဖြစ်လို့ စာချုပ်နှစ်ပြည့်အောင်အလုပ်မလုပ်ဘူး .အဲဒိအတွက် 2 နှစ်စာ 1 နှစ်ကို မလေးငွေ RM 3500 x 2 = 7000 ဆိုပြိးနည်းလမ်းကလဲတမျိုး…”ဈေးကြိးတောင်းတဲ့ အချက်ကတော့ဘာလို့ တယောက်နဲ့ တယောက်မတူလည်းဆိုရင် အလုပ်သမားကိုသဌေးကလည်းကြိုက်နှစ်သက်တယ် လက်မလွတ်ချင်တဲ့ အခါမှာ တမင်မရွေးနိုင်အောင်ကိုတောင်းတာပါ ..စီးပွားရေးပုံစံအရဆိုရင်တော့ 3500 နှင့် 4500 ၀န်းကျင်ပါခင်ဗျာဒါမှသုတို့ လည်းမြတ်ရွေးသူလည်းရွေးနိုင်မှာပါ .. ”

( B )နောက်တမျိုး ခက်ရင့်၇င့်ဘဲမင်းယူချင်ယူမယူချင်နေ မလေးငွေ RM 4500 တပြားမှာမလျော့ဘူး .. အဲလိုလေသံမျိုးတွေက တမျိုး

(C ) ညှိနီုင်းပေးတဲု့ အေးဂျင့်ပေါ့ဗျာ ..သဘောကောင်းတဲ့ အေးဂျင့်တွေပေါ့ … နောက်ဆုံးသူပြောတဲ့ ငွေလဲမပေးချင်တဲ့ အခါ စာအုပ်ေ၇ွးရမယ့်ဈေးနူန်းကသင့်တင့်ပြီး ငွေလည်းလက်ထဲမရှိရင်သူတို့ ပေးတဲ့ အလုပ်ကိုဆက်လုပ်ပါ…မလုပ်ချင်ရင် အိုဗာစတေးလုပ်ရုံပေါ့လေ… (သူသူငါငါအိုဗာစတေး လုပ်တာတွေတွေ့ ရတော့လည်းယောက်ကျားလေးဆိုပိုတောင်မကြောက်ကြသေးပါဘူး)ခက်ခဲနေတဲ့ ပြသနာကို လွယ်လွယ်ကူကူနဲ့ ဘဲ .အိုဗာစတေးလမ်းကိုမရွေးချင်ဘဲရွေးလိုက်ရပါတော့တယ်… အေးဂျင့်ကောလင်းနဲ့ လာလို့ ကောင်းတဲ့အချက်တွေလည်း၇ှိပါတယ်.
1. လစာကလည်းသင့်တယ်တယ်..နေထိုင်ရတာလည်းပြေတဲ့ အပြင် ..freecalling ထက်ကောင်းတာက နှစ်စဉ်သက်တမ်းတိုးတိုင်ကုန်ကျစ၇ိတ်ကို သဌေးကပေးဆောင်ရတာဖြစ်တဲ့ အတွက် ကိုယ့်အတွက်ပါမစ်ဖိုးမကုန်ဘဲ ရသမျှလစာ ကိုယ့်အတွက်ပါခင်ဗျာ … သဌေးကလည်းစည်းကမ်းတကျစာချုပ်ပါစည်းမျဉ်းအတိုင်းလုပ်ပေးရင်ပါ . မကောင်းတဲ့ သဌေးနဲ့ တွေ့ တဲ့ အခါ လူလယ်လုပ်ပြိးလစာထဲကနေ 1လ အနည်းငယ်ဆီပြန်ဖြတ် တောက်တာတွေလည်းရှိပါတယ်

( 3 )Private Calling (ဘယ်ကိုမှရွေ့ ပြောင်းမရ အလုပ် 1နေရာထဲတွင်သာလုပ်ခွင့်ရှိသောအလုပ်သမားကိုယ်ပိုင် ကောလင်းသဘောကတော့ ဥပမာ- Restaurant Sky ဘဲထားပါစို့  ..လိပ်စာကတော့123456 ဆိုပါစို့ 
အဲဒိ လိပ်စာက ပါမစ် ကောလင်းနေထိုင်ခွင့်မှာပါတခါထဲ လိပ်စာနဲ့ ဆိုင်နံမည်တွဲပါပါတယ်… ဒါဆိုရင်တခြားမှာသွားလုပ်နေရင်တရားမ၀င်တော့ပါဘူး ..ရဲ ကပြသနာရှာလို့ ရတယ်..ဖမ်းလို့ ရပါတယ်… အထက်က outsourcing worker နဲ့ မတူတာမကောင်းတာအမှန်ပါဘဲ ..အလုပ်အဆင်ပြေရင်တော့ တမျိုးပေါ့ ခင်ဗျာ (ဒါပေမယ့် ပြသနာတစုံတရာရှိလာခဲ့ ရင် သေသေချာချာကိုတိုင်ကြားလို့ရပါတ.ယ် . private calling က .ဘာလို့ လဲဆိုတော့ သူ့ စက်ရုံဆိုစက်ရုံ..ကိုယ်ပိုင်နံမည်နဲ့ စာချုပ်စည်းမျဉ်းအတိုင်းနေထိုင်အလုပ်လုပ်နေတာဖြစ်သောကြောင့်ပါ

“ ဘယ်လိုဘဲစည်းမျဉ်းရှိရှိပါ ..ကျွန်တော်တို့ ဟာနိုင်ငံခြားသားအလုပ်သမားဖြစ်နေတဲ့ အတွက် ဘာပြသနာမှမရှီတာအကောင်းဆုံးပါဘဲ ကျွန်တော်ပြောချင်တာကတော့ အဓိက လွယ်လွယ်နဲ့  တရားမတင်နေထိုင်ခြင်း မလုပ်ကြဖို့ ပါဘဲ ..ယောက်ကျားလေးတွေ အိုဗာစတေးလုပ်တာ ကပြသနာနည်းပေမယ့် မိန်းကလေးတွေမှာတော့ အန္တရယ်အလွန်များပါတယ် … ၇ဲတွေက ဖမ်းမိရင် ယောက်ကျားလေးဆိုပိုက်ဆံတောင်းတယ်.. ဖမ်းသွားတာကတော့ နည်းပါတယ် .. သူ့ အပိုင်းကရဲ နဲ့ သူကတော့  အိုဗာစတေးတွေက ကြူံနေကျပါ .. ပိုက်ဆံပေးလိုက်ရင်အဆင်ပြေသွားတာများပါတယ်..အဲဒိမှာမတူတာကမိန်းကလေးတွေလေ.. မိန်းကလေးတွေကို ငွေပေးရင်တောင် လူပါလိုချင်ကြတယ်… ရဲတွေကကားပေါ်ကိုတက် ဖမ်းတယ်ဆိုပြီး ..လူရှင်းတဲ့ နေရာတွေမောင်း ကားပေါ်မှာတင် မတရားပြူကျင့်တာကိုခံ ကြရပါတယ်… ငွေယူတာတွေလည်းရှိပါတယ်…(အကုန်လုံးကိုမဆိုလိုပါ)
မိမိ ကုသိုလ်ကံအားနည်းတဲ့ အခါ …ဘ၀အတိတ်ကံပါလာရင်ပေါ့ ဗျာ ..ဘယ်သူကဘာတတ်နိုင်မှာလဲ …နောက်တခု အိုဗာစတေးဖြစ်နေတဲ့ အချိန်နည်းစပ်ရာ သူငယ်ချင်း ..အကူအညီယူရာကနေ .. ချစ်ကြတယ်… ကြိုက်ကြတယ်..နိုင်ငံခြားမှာလေဆိုတဲ့ အသိနဲ့ လွယ်လွယ်ယူလိုက်ကြတယ် ..အဲဒိမှာ သူတို့ သတိမထားမိရာကနေ သတိထားစရာဖြစ်သွားတဲ့ ..( living together ) လက်မထက်ရသေးဘဲအတူတကွနေထိုင်ခြင်း …ဆိုတာကြီးဖြစ်သွားပါတယ် ..ဒီလိုနဲ့ လွယ်လွယ်ယူခဲ့ ရတော့ သဘောထားခြင်းမတိုင်ဆိုင်လို့ လမ်းခွဲ တော့ ယောက်ကျားက ယောက်ကျားဘဲခင်ဗျ .. ၀င်ငွေကောင်းနေမယ်ဆို (ရုပ်ပါချောနေရင်အထူးပြောစရာမလိုတော့ဘူး ) နောက်ထက်လာမယ့် မိန်းကလေးတွေအများကြိးပါ … မိန်းကလေးကတော့ ပထမလည်းဖြစ်ဖူးတယ်..အပျိုလည်းမဟုတ်တော့ဘူး ..ဒုက္ခတွေလည်းရောက်နေမယ့် အတူတူ ထပ်ပြိးအားကိုးရပြန်ရော…အဲဒီမှာ 2 ယောက်ကနေ 3 ယောက် ဖြစ်ဖို့ အလားအလာတွေ များလာပါတော့တယ် .. ကျွန်တော် မပြောလည်ုးအားလုံးသိနေကြတယ်ဆိုပေမယ့် ကျွန်တော် ..အဓိကပြောချင်တာ ကို ပုံဖော်ချင်လို့ ပါ ..လွယ်လွယ် မအိုလိုက်ပါနဲ့ ဗျာ ..( overstill ) ရော …အိမ်ထောင်ပြူတဲ့ အိုတာလေးကိုပါထိမ်းသိမ်းကြပါ …. ကျွန်တော်တို့ မလေးရောက် အကို ၊ညီ ၊ ဥိးလေး ၊ အဒေါ် ၊ အမ ၊ညီမ ..အလုံးစုံသော အမျိုးသား ၊အမျိုးသမီးများ ခင်ဗျာ …. (အမျိုးသမီးများကိုယ်တိုင်ကပါအချင်းချင်းမနာလိုချောက်တွန်းသောကြောင့်ဒုတ်ခရောက်တဲ့ မိန်းကလေးတွေကိုတွေ့ လို့ အမျိုးသမိးများပါထည့်ရေးတာပါ ) အတတ်နိုင်ဆုံးအဖြူရောင်သက်သက်ကူညီပေးကြပါ… ကုသိုလ်ရပါတယ် ။ ကျွန်တော်ဒီစာကို အဆုံးသတ်လိုက်ပါပြီ.. ကျွန်တော်လည်း ရေးချင် အသိပေးချင်တောလေးတွေကို တတ်နိုင်သလောက်လေ့လာ တင်ပြပေးတာပါ ..မှားတာများပါခဲ့ ရင် အကြံပေးဆွေးနွေး လို့ ရပါတယ် ။ နောက်ထက်လည်းထပ်တင်ပါဥိးမယ်ခင်ဗျာ စာဖတ်သူအပေါင်းစိတ်ချမ်းသာကိုယ်ကျန်းမာ လိုအင်ဆန္ဒတလုံးတ၀ပြည့်ဝကြပါစေ။

Posted on January 17, 2011, in Cimphawng/Tuahkhak teng, Uncategorized and tagged , . Bookmark the permalink. Leave a comment.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s